*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****အပြောကောင်းဖို့ မလိုအပ်ပါဘူး အလုပ်ကောင်းဖို့သာ အရေးကြီးပါတယ်*****

Saturday, March 2, 2013

" အပါယ်သို့ ရောက်စေတတ်သော ဒုစရိုက် (၁၀)ပါး"

မကောင်းသောကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ကို ဒုစရိုက် ဟုခေါ်သည်။
(ဒု = မကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်း)

 ♦ ဒုစရိုက် ကာယကံသုံးပါး ♦
-----------------------------
(၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း။
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နူတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။

♦ ဒုစရိုက် ၀စီကံလေးပါး ♦
-------------------------------
(၁) မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
(၂) ပိသုဏ၀ါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊
ချစ်သူနှစ်ဦး ကွဲသွားအောင် ရန်တိုက်ပေးခြင်း။
(၃) ဖရုသ၀ါစာ = ဆဲရေး တိုင်းထွာခြင်း စသော
ကြမ်းတမ်းသော စကားပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ = အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်း။

♦ ဒုစရိုက် မနောကံသုံးပါး ♦
--------------------------------
(၁) အဘိဇ္ဈာ - သူတပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရား ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးကို သေကြေပျက်စီး စေလိုခြင်း။
(၃) မိစ္ဆာဒိဋ္ဌိ = အမှားယူခြင်း (ကံ - ကံ၏အကျိုး မယုံကြည်ခြင်း)။


မေတ္တာပို့

“မေတ္တာ နိသာကရောလောကေ၊ သမ္မာ ဘာတု သုခံကရော။ 
 မေတ္တာသီသလ ရံသီဟိ၊ သုခန္တု ဖုသိတာ ပဇာ။”

♠ လောကေ - သတ္တ၀ါအလီလီ ခိုမှီပေါလတ်၊ လောကဓာတ် ကမ္ဘာအတွင်း၌၊

♠ မေတ္တာနိသာကရော - မေတ္တာအေးလှူ ဖွေးဖြူပ၀င်း ငွေလမင်းကြီးသည်၊

♠ သမ္မာ - သတ္တ၀ါတစ်တွေ အေးမြစေဖို့ အသရေရွှန်းကာ ကောင်းမွန်စွာ၊

♠ သုခံကရော - သူလည်းဝမ်းသာ ငါလည်းရွှင်ပြုံး နှလုံးစိတ်ဝမ်း လန်းလာယခု ချမ်းသာကိုပြုလျှက်၊

♠ ဘာတု - ရန်လည်းကင်းဝေး၊ ဘေးလည်းမခ အအေးရပေါ်ရွှမ်းမြ
အသရေ ထွန်းပပါစေသတည်း။

♠ မေတ္တာသီတလရံသီဟိ- မေတ္တာဖွေးလျှပ် အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့ဖြင့်၊

♠ (၀ါ) မေတ္တာသီတလ ရံသီဟိ - မေတ္တာဖွေးလျှပ်၊ အအေးဓာတ်ဆောင်သည့် အရောင်အ၀ါတို့သည်၊

♠ ဖုသိတာ - အဖုံဖုံလွှမ်းထုံ မွှမ်းမလပ် ထိတွေ့အပ်ကုန်သော၊

♠ ပဇာ - ကမ္ဘာ့ခေတ်ဗွေ အပြည်ပြည်၌ တည်နေများစွာ သတ္တ၀ါတို့သည်၊

♠ သုခန္တု - ကိုယ်စိတ်အေးကာ ဘေးရန်ကွာ၍ ၀မ်းသာတကွ ချမ်းသာကြပါစေကုန်သတည်း…။ ။ ။

Saturday, January 12, 2013

အဓိပ္ပါယ်ရှိသော ဘ၀ကိုပိုင်ဆိုင်ခြင်း

           လူ့လောကရောက်လာတဲ့ သူတိုင်း ရှောင်လွဲ့လို့ မရတဲ့  လူမူရေး လောကီရေး စတဲ့ ဆိုင်ရာ ဆိုင်ရာ အရေးကိစ္စတွေနဲ့ နပန်းလုးံနေကြရမှာ အမှန်ပါပဲ။ ဒီလို အရေးကိစ္စတွေ များများတွေ့ကြုံရတဲ့ အခက်ခဲ့တွေကြောင့်  သတိလက်လွတ်မဖြစ်ဖို့နဲ့  လူ့လောကမှာ သိက္ခာရှိရှိ နေနိုင်ဖို့  အတွက် အလွန်အရေးကြီးပါတယ်။
ရှေးတုန်းက ဓနဉ္စယ ဆိုတဲ့ မင်းတစ်ပါးက ဓမ္မယာဂပဥှာ ဆိုတဲ့ အလွန်တန်ဖိုး၇ှိတဲ့ မေးခွန်းတစ်ခုကို မေးခဲ့ဖူးပါတယ်။ "ဒီဘ၀အတွက်လဲ ကြီးပွးချမ်းသာ ၊နောင်ဘ၀ အတွက်လဲ စိတ်အေးရပြီး အကဲ့ရဲ့ လွတ်တဲ့ နေနည်း ထိုင်နည်း ဟာ ဘာလဲဆိုတဲ့ မေးခွန်းပါပဲ"။  ဒီမေးခွန်းကို ဘုရားလောင်းဖြစ်တဲ့  သမ္ဘ၀ ပညာရှိက ဖြေဆိုခဲ့တဲ့ အကြောင်းကို ဒီမှာ အကျဉ်းချုပ်အနေနဲ့ တင်ပြလိုက်ပါတယ်။

Thursday, October 18, 2012

“အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန်"






အနတ္တလက္ခဏသုတ် အမွှန်း
(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အ
...နုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။
(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတန ခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –
(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ။ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။
 

အနတ္တလက္ခဏသုတ် နိဒါန်း
ဧဝံ မေ သုတံ...
ဧကံ သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ။ တတြ ခေါ ဘဂဝါ ပဉ္စဝဂ္ဂိယေ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါ တိ။ ဘဒန္တေ တိ တေ ဘိက္ခူ ဘဂဝတော ပစ္စေဿာသုံ။ ဘဂဝါ ဧတ ဒဝေါစ-
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂါဝုန်တော၌ သီတင်းသုံး နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် ပဉ္စ၀ဂ္ဂီရဟန်းတို့ကို ရဟန်းတို့ဟု မိန့်တော်မူ၏။ အရှင်ဘုရားဟု ထိုရဟန်းတို့သည် မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထားကြ ကုန်၏။
အနတ္တဖြစ်ကြောင်း လက်တွေ့ပြပုံ
ရူပက္ခန္ဓာ အနတ္တဖြစ်ပုံ
ရူပံ ဘိက္ခဝေ အနတ္တာ
ရူပဉ္စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ရူပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ၊ တသ္မာ ရူပံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ရူုပေ ဧဝံ မေ ရူပံ ဟောတု၊ ဧဝံ မေ ရူပံ မာ အဟောသီ တိ။
ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ရုပ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤရုပ်သည် နာကျင်ခြင်းငှာ မဖြစ်ရာ၊ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ် စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ရုပ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ရုပ်သည် ဤသို့ဖြစ်စေ၊ ငါ၏ရုပ်သည် ဤသို့ မဖြစ်စေလင့်ဟု ရုပ်၌ တောင့်တမှုကို ရလည်းမရ။
 

ဝေဒနာက္ခန္ဓာ အနတ္တဖြစ်ပုံ
ဝေဒနာ အနတ္တာ...
ဝေဒနာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿ၊ နယိဒံ ဝေဒနာ အာဗာဓာယ သံဝတ္တေယျ။ လဗ္ဘေထ စ ဝေဒနာယ ဧ၀ံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝေဒနာ အနတ္တာ၊ တသ္မာ ဝေဒနာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝေဒနာယ ဧဝံ မေ ဝေဒနာ ဟောတု၊ ဧဝံ မေ ဝေဒနာ မာ အဟောသီ တိ။
ဝေဒနာသည် အတ္တမဟုတ်၊ ရဟန်းတို့ ဝေဒနာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝေဒနာသည် နာကျင်ခြင်းငှာ မဖြစ်ရာ၊ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝေဒနာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်၏။ ငါ၏ဝေဒနာသည် ဤသို့ဖြစ်စေ၊ ငါ၏ ဝေဒနာသည် ဤသို့ မဖြစ်စေလင့်ဟု ဝေဒနာ၌ တောင့်တမှုကို ရလည်းမရ။
 

သညာက္ခန္ဓာ အနတ္တဖြစ်ပုံ
သညာ အနတ္တာ...
သညာ စ ဟိဒံ ဘိကၡေဝ အတၱာ အဘဝိႆ၊ နယိဒံ သညာ အာဗာဓာယ သံဝေတၱယ်။ လဗ္ဘေထ စ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧ၀ံ မေ သညာ မာ အဟောသီ တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သညာ အနတ္တာ၊ တသ္မာ သညာ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ သညာယ ဧဝံ မေ သညာ ဟောတု၊ ဧဝံ မေ သညာ မာ အဟောသီ တိ။
သညာသည် အတ္တမဟုတ်၊ ရဟန်းတို့ သညာသည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသညာသည် နာကျင်ခြင်းငှာ မဖြစ်ရာ၊ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ သညာသည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏သညာသည် ဤသို့ဖြစ်စေ၊ ငါ၏ သညာသည် ဤသို့ မဖြစ်စေလင့်ဟု သညာ၌ တောင့်တမှုကို ရလည်းမရ။
 

သင်္ခါရက္ခန္ဓာ အနတ္တဖြစ်ပုံ
သင်္ခါရာ အနတ္တာ...
သင်္ခါရာ စ ဟိဒံ ဘိက္ခဝေ အတ္တာ အဘဝိဿံသု၊ နယိဒံ သင်္ခါရာ အာဗာဓာယ သံဝတ္တေယျုံ။ လဗ္ဘေထ စ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသု န္တိ။ ယသ္မာ စ ခေါ ဘိက္ခဝေ သင်္ခါရာ အနတ္တာ၊ တသ္မာ သင်္ခါရာ အာဗာဓာယ သံဝတ္တန္တိ။ န စ လဗ္ဘတိ သင်္ခါရေသု ဧဝံ မေ သင်္ခါရာ ဟောန္တု၊ ဧဝံ မေ သင်္ခါရာ မာ အဟေသုန္တိ။
သင်္ခါရတို့သည် အတ္တမဟုတ်၊ ရဟန်းတို့ သင်္ခါရတို့သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤသင်္ခါရတို့သည် နာကျင်ခြင်းငှာ မဖြစ်ရာ၊ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့သင်္ခါရတို့သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာ ဖြစ်ကုန်၏။ ငါ၏သင်္ခါရတို့သည် ဤသို့ဖြစ်စေကုန်သတည်း၊ ငါ၏သင်္ခါရတို့သည် ဤသို့ မဖြစ်စေကုန် သတည်းဟု သင်္ခါရတို့၌ တောင့်တမှုကို ရလည်းမရ။
 

ဝိညာဏက္ခန္ဓာ အနတ္တဖြစ်ပုံ
ဝိညာဏံ အနတ္တာ...
ဝိညာဏဥၥ ဟိဒံ ဘိကၡေဝ အတၱာ အဘ၀ိႆ၊ နယိဒံ ဝိညာဏံ အာဗာဓာယ သံဝေတၱယ်။ လဗ္ဘေထ စ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီတိ။ ယသ္မာ စ ခေါ ဘိက္ခဝေ ဝိညာဏံ အနတ္တာ၊ တသ္မာ ဝိညာဏံ အာဗာဓာယ သံဝတ္တတိ။ န စ လဗ္ဘတိ ဝိညာဏေ ဧဝံ မေ ဝိညာဏံ ဟောတု၊ ဧဝံ မေ ဝိညာဏံ မာ အဟောသီ တိ။
ဝိညာဏ်သည် အတ္တမဟုတ်၊ ရဟန်းတို့ ဝိညာဏ်သည် အတ္တဖြစ်ခဲ့ငြားအံ့၊ ဤဝိညာဏ်သည် နာကျင်ခြင်းငှာ မဖြစ်ရာ၊ ငါ၏ဝိညာဏ်သည် ဤသို့ဖြစ်စေ၊ ငါ၏ ဝိညာဏ်သည် ဤသို့ မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရကောင်းရာ၏။ ရဟန်းတို့ ဝိညာဏ်သည် အတ္တမဟုတ်သောကြောင့် နာကျင်ခြင်းငှာဖြစ်၏။ ငါ၏ဝိညာဏ်သည် ဤသို့ ဖြစ်စေ၊ ငါ၏ဝိညာဏ်သည် ဤသို့မဖြစ်စေလင့်ဟု ဝိညာဏ်၌ တောင့်တမှုကို ရလည်း မရ။
 

အနိစ္စ၊ ဒုက္ခဖြင့် အနတ္တထင်ပုံ
ရူပက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး

တံ ကိံ မညထ ဘိက္ခဝေ၊ ရူပံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ရဟန်းတို့ ထိုအရာကို အဘယ်သို့ မှတ်ထင်ကုန်သနည်း၊ ရုပ်သည် မြဲသလော မမြဲသလော။ မမြဲပါ အရှင်ဘုရား။ မမြဲသောရုပ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤရုပ်သည် ငါဖြစ်၏၊ ဤရုပ်သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။
 

နာမက္ခန္ဓာလေးပါး၌ လက္ခဏာရေးသုံးပါး
ဝေဒနာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဝေဒနာသည် မြဲသလော မမြဲသလော။ မမြဲပါ အရှင်ဘုရား။ မမြဲသောဝေဒနာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်း သဘောရှိသော ဝေဒနာကို ဤဝေဒနာသည် ငါ့ဥစ္စာဖြစ်၏၊ ဤဝေဒနာသည် ငါဖြစ်၏၊ ဤဝေဒနာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။
 

သညာက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး
သညာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
သညာသည် မြဲသလော မမြဲသလော။ မမြဲပါ အရှင်ဘုရား။ မမြဲသောသညာသည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန် ခြင်းသဘောရှိသော သညာကို ဤသညာသည် ငါ့ဥစ္စာဖြစ်၏၊ ဤသညာသည် ငါဖြစ်၏၊ ဤသညာသည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည် လော။ မသင့်လျော်ပါ အရှင်ဘုရား။
 

သင်္ခါရက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး
သင်္ခါရာ နိစ္စာ ဝါ အနိစ္စာ ဝါတိ။ အနိစ္စာ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
သင်္ခါရတို့သည် မြဲသလော မမြဲသလော။ မမြဲပါ အရှင်ဘုရား။ မမြဲသောသင်္ခါရတို့သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာဖြစ်၏၊ ဤသင်္ခါရ တို့သည် ငါဖြစ်၏၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ် အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါ မည်လော။ မသင့်လျော်ပါ အရှင်ဘုရား။
 

ဝိညာဏက္ခန္ဓာ၌ လက္ခဏာရေးသုံးပါး
ဝိညာဏံ နိစ္စံ ဝါ အနိစ္စံ ဝါတိ။ အနိစ္စံ ဘန္တေ။ ယံ ပနာနိစ္စံ၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။ ဒုက္ခံ ဘန္တေ။ ယံ ပနာနိစ္စံ ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လံ နု တံ သမနုပဿိတုံ ဧတံ မမ၊ ဧသောဟမသ္မိ၊ ဧသော မေ အတ္တာ တိ။ နော ဟေတံ ဘန္တေ။
ဝိညာဏ်သည် မြဲသလော မမြဲသလော။ မမြဲပါ အရှင်ဘုရား။ မမြဲသောဝိညာဏ်သည် ဆင်းရဲလော ချမ်းသာလော။ ဆင်းရဲပါ အရှင်ဘုရား။ မမြဲသော ဆင်းရဲသော ဖောက်ပြန်ခြင်းသဘောရှိသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာဖြစ်၏၊ ဤဝိညာဏ်သည် ငါဖြစ်၏၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တတည်းဟု ရှုခြင်းငှာ သင့်လျော်ပါမည်လော။ မသင့်လျော်ပါ အရှင်ဘုရား။
 

ရုပ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
တသ္မာ တိဟ ဘိက္ခဝေ ယံကိဉ္စိ ရူပံ အတီတာ နာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ရူပံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
ရဟန်းတို့ ထိုသို့ဖြစ်ခြင်းကြောင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်း ဖြစ်သော၊ အဝေး အနီးလည်းဖြစ်သော အလုံးစုံသော ရုပ်ကို ဤရုပ်သည် ငါ့ဥစ္စာမဟုတ်၊ ဤရုပ်သည် ငါမဟုတ်၊ ဤရုပ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
 

ဝေဒနာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာကာစိ ဝေဒနာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ ဝေဒနာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်း အပြင်လည်းဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝေဒနာကို ဤ ဝေဒနာသည် ငါ့ဥစ္စာမဟုတ်၊ ဤဝေဒနာသည် ငါမဟုတ်၊ ဤ ဝေဒနာသည် ငါ၏ ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
 

သညာတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယာကာစိ သညာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ၀ါ ဗဟိဒ္ဓါ ဝါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယာ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗာ သညာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသောသညာကို ဤသညာသည် ငါ့ ဥစ္စာမဟုတ်၊ ဤသညာသည် ငါမဟုတ်၊ ဤသညာသည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
 

သင်္ခါရတရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယေကေစိ သင်္ခါရာ အတီတာနာဂတပစ္စုပ္ပန္နာ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ၀ါ သြဠာရိကာ ဝါ သုခုမာ ဝါ ဟီနာ ဝါ ပဏီတာ ဝါ ယေ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗေ သင်္ခါရာ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ် အမြတ်လည်းဖြစ်သော၊ အဝေး အနီးလည်း ဖြစ်သော အလုံးစုံသော သင်္ခါရတို့ကို ဤသင်္ခါရတို့သည် ငါ့ဥစ္စာမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါမဟုတ်ကုန်၊ ဤသင်္ခါရတို့သည် ငါ၏ကိုယ်အတ္တမဟုတ်ကုန်ဟု ဤသို့ ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
 

ဝိညာဏ်တရားကို တဏှာ မာန ဒိဋ္ဌိဂါဟတို့ဖြင့် မရှုကြည့်အပ်ပုံ
ယံကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ သြဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ၊ သဗ္ဗံ ဝိညာဏံ နေတံ မမ၊ နေသောဟမသ္မိ၊ န မေသော အတ္တာ တိ ဧဝမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒဋ္ဌဗ္ဗံ။
အတိတ် အနာဂတ် ပစ္စုပ္ပန်လည်းဖြစ်သော၊ အတွင်းအပြင်လည်း ဖြစ်သော၊ အကြမ်း အနုလည်းဖြစ်သော၊ အယုတ်အမြတ်လည်း ဖြစ်သော၊ အဝေးအနီးလည်း ဖြစ်သော အလုံးစုံသော ဝိညာဏ်ကို ဤဝိညာဏ်သည် ငါ့ဥစ္စာမဟုတ်၊ ဤဝိညာဏ်သည် ငါမဟုတ်၊ ဤဝိညာဏ်သည် ငါ၏ကိုယ်အတ္တမဟုတ်ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
 

နိဗ္ဗိန္ဒဉာဏ်မှစ၍ မဂ်ကိစ္စတစ်ဆယ့်ခြောက်ချက်ဖြစ်ပုံ
ဧဝံ ပဿံ ဘိက္ခဝေ သုတဝါ အရိယသာဝကော ရူပသ္မိမ္ပိ နိဗ္ဗိန္ဒတိ၊ ဝေဒနာယပိ နိဗ္ဗိန္ဒတိ၊ သညာယပိ နိဗ္ဗိန္ဒတိ၊ သင်္ခါရေသုပိ နိဗ္ဗိန္ဒတိ၊ ဝိညာဏသ္မိမ္ပိ နိဗ္ဗိန္ဒတိ။ နိဗ္ဗိန္ဒံ ဝိရဇ္ဇတိ။ ဝိရာဂါ ဝိမုစ္စတိ။ ဝိမုတ္တသ္မိံ ဝိမုတ္တမီတိ ဉာဏံ ဟောတိ။ ခီဏာ ဇာတိ။ ၀ုသိတံ ဗြဟ္မစရိယံ။ ကတံ ကရဏီယံ။ နာပရံ ဣတ္ထတ္တာယာတိ ပဇာနာတိ။
ရဟန်းတို့ ဤသို့ ရှုသော အကြားအမြင်ရှိသော အရိယာတပည့်သည် ရုပ်၌လည်း ငြီးငွေ့၏၊ ဝေဒနာ၌လည်း ငြီးငွေ့၏၊ သညာ၌လည်း ငြီးငွေ့၏၊ သင်္ခါရတို့၌လည်း ငြီးငွေ့၏၊ ဝိညာဏ်၌လည်း ငြီးငွေ့၏၊ ငြီးငွေ့သော် စွဲမက်မှုကင်း၏၊ စွဲမက်မှုကင်းခြင်းကြောင့် (ကိလေသာမှ) လွတ်မြောက်၏၊ (ကိလေသာမှ) လွတ်မြောက်သော် (ကိလေသာမှ) လွတ်မြောက်ပြီဟု အသိဉာဏ်ဖြစ်ပေါ်၏၊ ပဋိသန္ဓေ နေမှုကုန်ပြီ၊ အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ၊ ပြုဖွယ်(မဂ်)ကိစ္စကို ပြုပြီးပြီ၊ ဤမဂ်ကိစ္စအလို့ငှာ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု ဟောတော်မူ၏။
 

ပဉ္စဝဂ္ဂီရဟန်းများ ရဟန္တာဖြစ်ပုံ
ဣဒမဝေါစ ဘဂဝါ၊ အတ္တမနာ ပဉ္စဝဂ္ဂိယာ ဘိက္ခူ ဘဂဝတော ဘာသိတံ အဘိနန္ဒုန္တိ။ ဣမသ္မိံ စ ပန ဝေယျာကရဏသ္မိံ ဘညမာနေ ပဉ္စဝဂ္ဂိယာနံ ဘိက္ခူနံ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိံသူတိ။
အနတ္တလက္ခဏသုတ္တံ နိဋ္ဌိတံ။
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊ ပဉ္စဝဂ္ဂီရဟန်းတို့သည် မြတ်စွာဘုရား မိန့်တော်မူသော စကားကို နှစ်လိုသည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကုန်ပြီ။ ဤဂါထာမဖက် သက်သက်သော ဒေသနာကို ဟောတော်မူအပ်သည်ရှိသော် ပဉ္စဝဂ္ဂီ ရဟန်းတို့၏ စိတ်တို့သည် မစွဲလမ်းမူ၍ အာသဝေါတို့မှ လွတ်မြောက်ကုန်၏။
အနတ္တလက္ခဏသုတ် မြန်မာပြန် ပြီးပါပြီ။

သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                    အရှင် စန္ဒိမာ(ဓမ္မလရိပ်)

Tuesday, September 4, 2012

တရားကပေးသောချမ်းသာစစ်


 လောကမှာ လူသားအားလုံး မိမိတို့နဲ့ ဆိုင်တဲ့ တာဝန်တွေ ကိုယ်စီ ရှိနှင့်ကြပြီးသားပါ။ ကျောင်းသားက စာသင်တဲ့ အလုပ်ကို လုပ်ရသလို ဆရာက စာသင်ပေးတဲ့ အလုပ်ကို လုပ်ရပါတယ်။ အလုပ်သမားက အလုပ်လုပ်ပေးရသလို အလုပ်ရှင်က ကျသင့်သလောက် အခကြေးငွေ ပေးရပါတယ်။ ဈေးရောင်းသူက ပစ္စည်းပေးရသလို ဈေးဝယ်သူက တန်ရာတန်ကြေးပေးရပါတယ်။ ဒါ့အပြင် သာသနာအကျိုး၊ နိုင်ငံအကျိုး၊ အများအကျိုး၊ မိသားစုအကျိုး စသဖြင့် လုပ်ဆောင်နေရတဲ့ ပုဂ္ဂိုလ်တွေမှာလည်း မိမိတို့နဲ့ ဆိုင်ရာဝန်တွေကို ထမ်းရွက်နေရတာပါပဲ။ အဲလို ဆိုင်ရာ ၀န်တွေကို ထမ်းရွက်နေတဲ့ သူတွေကိုပဲ ၀န်ထမ်းလို့ ခေါ်ဆိုကြသလို မထမ်းရွက်နိုင်ရင်တော့ ၀န်ထမ်းအဖြစ် မခေါ်ဆိုနိုင်ပါဘူး။ ၀န်ထမ်း မဟုတ်တဲ့ ၀န်ထုပ်လို့ ဆိုရမှာပါပဲ။
ဒီနေရာမှာ တာဝန်ဆိုတာကလည်း နေရာယူလိုခြင်းသဘောမဟုတ်ဘဲ ရရာ ရောက်ရာမှာ ထမ်းရွက်ခြင်းသဘောသာ ဖြစ်ပါတယ်။ ခေါင်းဆောင်မှ တာဝန်ရှိတာမျိုးမဟုတ်။ လူတိုင်းမှာ ဆိုင်ရာတာဝန် တွေရှိကြပါတယ်။ တာဝန်သိသူတိုင်းမှာ တာဝန်ရှိကြတာချည်း ဖြစ်ပါတယ်။ အသိဉာဏ်ရှိသူကမှ လောကတာဝန်ကို မယူဝံ့လျှင် အသိဉာဏ်မဲ့သူတို့၏ လောကကို ဖျက်ဆီးခြင်းသည် အပြစ်ဆိုဖွယ်ရာမမြင်လို့ ဆိုရမှာပါပဲ။
ယနေ့အခါ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာသာ အထွန်းကားဆုံး နိုင်ငံ ဖြစ်တယ်လို့ အသိအမှတ်ပြု ခံထားရပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် အများစုက သဒ္ဓါတရား အားကောင်းသလောက် အကောင်းအဆိုး၊ အကြောင်းအကျိုး၊ ဟုတ်- မဟုတ် ဝေဖန်စိစစ်တတ်တဲ့ ပညာဉာဏ်က အားနည်းကြပါတယ်။ ဒါကြောင့် အထူးအဆန်းဆိုရင် သူ့ထက်ငါ ဦးအောင် သွားတတ်ကြတယ်။ ပုဂ္ဂိုလ်ထူးရင် ချည်းကပ်ကြတယ်။ သိချင်တာမေးမယ်။ ဖြစ်ချင်တာတွေ ပြောပြမယ်။ ဖြစ်အောင် လုပ်ပေးဖို့ တောင်းဆိုကြမယ်။ ထို့အတူ ဓမ္မထူးရင် ထိုဓမ္မကို လက်ခံကျင့်သုံးဖို့ ဆည်းကပ်ကြပါတယ်။ ဓမ္မဆိုရာမှာလည်း ကုသိုလ်ဖြစ်ကြောင်း ဓမ္မနဲ့ အကုသိုလ်ဖြစ်ကြောင်း အဓမ္မဆိုပြီး ရှိပါတယ်။ ဓမ္မသည် ကုသိုလ်ဖြစ်ကြောင်း ဖြစ်ပြီး အဓမ္မမှာ အကုသိုလ်ဖြစ်ကြောင်း ဖြစ်တယ်လို့ မှတ်သားနိုင်ပါတယ်။
ဓမ္မသည် ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် (၄၅)၀ါ ကာလပတ်လုံး ဟောကြားခဲ့သည့်အတွက လည်းကောင်း၊ ပရိနိဗ္ဗာန် စံပြီး နောက်ပိုင်းမှာလည်း ဘုရားရှင်ချမှတ် ဟောကြားခဲ့တဲ့ မူအတိုင်း ဒါနကထာ၊ သီလကထာ၊ သဂ္ဂကထာ၊ မဂ္ဂကထာ စသဖြင့် ဟောရိုး ဟောစဉ်သာ ဖြစ်တဲ့ အတွက် အထူးအဆန်လို့ မဆိုသာပါဘူး။ အဓမ္မသည် ဘုရားဟောဒေသနာတော် တို့နှင့် ဆရာအစဉ်အဆက် လက်ခံအားကိုးအားထား ပြုခဲ့သော အဋ္ဌကထာ၊ ဋီကာတို့ကို မျက်ကွယ်ပြု ဆန့်ကျင်ကာ အဆန်းထွင်သော ၀ါဒဖြစ်လို့ အထူးအဆန်း ဖြစ်နေပါတယ်။ ထိုအခါမှာ အထူးအဆန်းကြိုက်သူတို့က မှန်၊ မမှန်၊ ဟုတ်၊ မဟုတ် ဝေဖန်စီစစ်ခြင်းမရှိဘဲ ဆည်းကပ်ကာ နည်းနာနိဿယ ခံယူကြပါတော့တယ်။ ဒါကြောင့် ကျေးဇူးတော်ရှင် ဒီပဲယင်း ဆရာတော်ကြီးက “ဉာဏ်အမြင်နည်း၊ သဒ္ဓါကဲ၊ အလွဲလွဲဖြစ်တတ်သည်” ဟု ဆုံးမထားခြင်းဖြစ်ပါတယ်။ အရှင်ဇ၀န (မေတ္တာရှင်)က “အထူးအဆန်းကို ယုံလျှင် အရူးအနှမ်း ဖြစ်တတ်သည်” ဟု ဆုံးမထားပါတယ်။
နေရာတိုင်းမှာ ဆန့်ကျင်ဘက် သဘောရှိတတ်တာ သဘာဝတရား တစ်ခုပါ။ အတုနဲ့ အစစ်၊ အမှားနဲ့ အမှန်၊ အရှေ့နဲ့ အနောက်၊ အချစ်နဲ့ အမုန်း၊ စသဖြင့် ဆန့်ကျင်ဘက် သဘောတရားတွေကို လူတိုင်း မြင်တွေ့နေကြမှာပါပဲ။ ထို ဆန့်ကျင်ဘက် တွေထဲမှာ ဓမ္မနဲ့ အဓမ္မဆိုတဲ့ ဆန့်ကျင်ဘက် တရားကိုတော့ လူတိုင်းပိုင်းခြား သိစေချင်ပါတယ်။ ပြုသူရှိရင် ဖျက်သူဆိုတာ ရှိသလို ဖျက်သူရှိရင် ပြုပြင်သူဆိုတာလည်း ရှိတတ်စမြဲပါ။ ဖျက်ဆီးသူဟာ ပျက်ဆီးမှုကို ပိုင်ဆိုင်ပြီး ပြုပြင် သူဟာ ကောင်းမွန်မှုကို ပိုင်ဆိုင်ရပါတယ်။ ဖျက်ဆီးသူမဟုတ်ဘဲ ပြုပြင်သူတွေ ဖြစ်စေချင်ပါတယ်။ ဘုရားဟောကြားခဲ့တဲ့ အဆုံးအမနှင့်အညီ လိုက်နာကျင့်ကြံခြင်း မရှိဘူးဆိုရင် မိမိကိုယ်တိုင်ပဲ သာသနာကို ဖျက်ဆီးသူဖြစ်မှန်း မသိ ဖြစ်နေတတ် ပါတယ်။ ဘုရားရှင် ဟောကြားခဲ့တဲ့ တရားဒေသနာတော်တွေမှ တူရာ တရားအစုတွေကို စုးစည်းပြီး ၀ိနည်းပိဋကတ်၊ သုတ္တန်ပိဋကတ်၊ အဘိဓမ္မာပိဋကတ် စသဖြင့် ပိဋကတ် သုံးပုံသတ်မှတ်ခဲ့ပါတယ်။ ထိုပိဋကတ်သုံးခုပေါင်းကို ပရိယတ္တိ သာသနာလို့ ခေါ်ပါသေးတယ်။ ဒါကြောင့် ၀ိနည်းတော်အတိုင်း မလိုက်နာရင် ၀ိနည်းပိဋကတ်ကို ပယ်ရာရောက် သလို သာသနာတော်ကို ပုတ်ခက်ရာ ရောက်သွားပါတယ်။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး ခုနှစ်ရက်ကြာတဲ့ အခါမှာ အရှင်မဟာကဿပရဲ့ နောက်လိုက်ရဟန်းတွေက ဘုရားရှင်ပရိနိဗ္ဗာန်စံ ပြီဖြစ်ကြောင်း သိရတဲ့ အတွက် ငိုကြွေးကြပါတယ်။ ဒါပေမယ့် သုဘဒ္ဒဆိုတဲ့ ရဟန်းတစ်ပါးကတော့ ငိုကြွေးခြင်း မရှိပဲ ငိုကြွေးနေတဲ့ ရဟန်းတော်တွေကို- “အရှင်ဘုရားတို့… ၀မ်းမနည်းကြပါနဲ့၊ ဘုရားရှိတုန်းကဆိုရင် ဘယ်ဟာ မအပ်ဘူး၊ ဘယ်ဟာ အပ်တာဆိုပြီး တပည့်တော်တို့ကို ချုပ်ခြယ်နေတာ၊ အခုတော့ ဘုရားမရှိတော့ဘူး။ တပည့်တော်တို့ လုပ်ချင်ရာ လုပ်လို့ ရပြီ၊ တပည့်တော်တို့ လွတ်လပ်ပြီ” ဆိုပြီး ၀မ်းမြောက်ဝမ်းသာ ပြောခဲ့တယ်။ ဒီစကားတွေကို အရှင်မဟာကဿဖ ကိုယ်တော်ကြိး ကြားတော့- “ဘုရားရှင်ရဲ့ ရုပ်အလောင်းတော် ရှိစဉ်မှာပဲ ဒီလို စော်ကားတဲ့ သာသနာ့ ဆူးငြောင့်ရန်စွယ် အန္တရာယ်ပေါ်လာရင် နောင်အခါ ဒီလို လူစားတွေကြောင့် သာသနာတော်ကြီး ပျက်စီးရချေရဲ့” လို့ ဓမ္မသံဝေဂ ဖြစ်တော်မူခဲ့ပါတယ်။
ထို့ကြောင့် အရှင်မဟာကဿဖ ကိုယ်တော်မြတ်သည် ဘုရားရှင် ကြွင်းကျန်ခဲ့သော ဓာတ်တော်တွေကို ခွဲဝေပြီးချိန်မှာ သံဃာ့ပရိတ်သတ်ကို အစည်းဝေးခေါ်ကာ- “ငါ့ရှင်တို့… ဘုရားဟောထားတဲ့ တရားတော်တွေဟာ မသီကုံးရသေးတဲ့ ပန်တွေလိုပဲ အစီအစဉ်မရှိဘဲ ဖြစ်နေတယ်၊ ပန်းတွေဟာ မသီကုံးဘဲ ထားရင် လေတိုက်တိုင်း လွှင့်တဲ့ အတွက် မကြာခင်မှာပဲ ကုန်သွားနိုင်ပါတယ်။ ဒီလိုပါပဲ… ဘုရားဟောဖော်ခဲ့တဲ့ တရားတော်တွေကို စီကာစဉ်ကာ သဘောတူ ပေါင်းစု မထားဘူးဆိုရင် အဓမ္မ၀ါဒ လေမုန်တိုင်း တိုက်ခတ်လို့ မကြာခင်မှာဘဲ ဘုရားရှင်ရဲ့ အစစ်အမှန်တရားတော်တွေ ပျောက် နိုင်ပါတယ်။ ငါ့ရှင်တို့… ဓမ္မ၀ါဒပဲ ဖြစ်ဖြစ်၊ အဓမ္မ၀ါဒပဲ ဖြစ်ဖြစ် အားကြီးဖို့ အကြောင်းတိုက်ဆိုင်လာရင် အားကြီးလာတတ်တယ်၊ အကယ်၍များ အဓမ္မ၀ါဒတွေ အားကြီးလာမယ်ဆိုရင် တစ်သာသနာလုံး ထိန်းမရ၊ သိမ်းမရအောင် ခက်ကုန်ကြလိမ့်မယ်၊ ဒါ့ကြောင့် အဓမ္မတွေ မထွန်းကားခင်၊ ဓမ္မတွေ မပျောက်ကွယ်ချိန်မှာ သင်္ဂါယနာ တင်ကြပါစို့” လို့ မိန့်တော်မူပါတယ်။
အရှင်မဟာကဿဖရဲ့ သင်္ဂါယနာတင်ဖို့ မိန့်လိုက်တဲ့ သြ၀ါဒကို ကြည့်ခြင်းအားဖြင့် အရှင်မဟာကဿဖဟာ သာသနာတော် အတွက် ကြောင့်ကြမဲ့ မနေခဲ့ပါဘူး။ သာသနာ့ ရန်စွယ်တွေကိုလည်း ဥပေက္ခာပြုလို့ မထားဘူးဆိုတာ ထင်ရှားပါတယ်။ ဘုရားရှင်ပရိနိဗ္ဗာန်စံဝင်ပြီး နှစ်တစ်ရာကျော်လောက် ကြာတဲ့ အခါ ဝေသာလီပြည် ၀ဇ္ဇီုတိုင်းသား ရဟန်းများက- “ရဟန်းများ ရွှေ၊ ငွေ အလှူခံအပ်တယ်။ နေမွန်းလွဲပြီး နေရိပ်လက်နှစ်သစ် လွန်တဲ့အထိ ခဲဖွယ်များကို စားနိုင်တယ်။ သေရည်အနုစား၊ စိမ်ရည်အနုစားကို သောက်သုံးနိုင်တယ်”… အစရှိတဲ့ ၀ိနည်းတော် (၁၀)ချက်ကို ပြင်ဆင်ကျင့် သုံးကြ တယ်။ ဒီသတင်းကို အရှင်မဟာယသ ကြားသိရတဲ့ အတွက်- “ဗုဒ္ဓသာသနာ ပျက်စီးကြောင်းကို ကြားသိရပါလျက် ကြောင့်ကြမစိုက်ဘဲ နေလို့ မတော်ပေဘူး။ ယခုပဲ ငါသွားလို့ အဓမ္မ၀ါဒီများကို နှိမ်နင်းကာ ဓမ္မအစစ်အမှန်ကို ပြမယ်” လို့ အကြံဖြစ်ကာ အဓမ္မ၀ါဒီတို့ရဲ့ ဝေသာလီပြည်ကို အဖော်မပါ တစ်ပါးတည်း ကြွတော်မူကာ ရှင်းလင်းခဲ့ပါတယ်။ ဒါဟာ အရှင်မဟာယသရဲ့ သာသနာတော် အပေါ်မှာ ဥပေက္ခာပြု မထားမှုပါပဲ။ သာသနာတော် အပေါ်မှာ လစ်လျှူရှုမနေခဲ့ပါဘူး။
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း ၂၃၅နှစ်လောက်မှာ သာသနာတော်မှာ ပစ္စည်းလေးပါး ပေါများသလောက် ရသေ့တိတ္တိ တို့မှာတော့ ပစ္စည်းလေးပါးရှားပါးလို့ သာသနာတော်ထဲကို တိတ်တိတ်ပုန်း ၀င်ရောက်လာပြီးတော့ သူတို့ရဲ့ မိစ္ဆာအယူတွေ ကို မစွန့်ပဲ ယူမြဲ ယူထားကြတယ်။ အဲဒီတော့ သာသနာတော်ဟာ မသန့်မရှင်း ဖြစ်ခဲ့ရတယ်။ ဒါကြောင့် အရှင်မဟာ မောဂ္ဂလိပုတ္တတိဿမထေရ်ဟာ ဒီသာသနာ့ ရန်စွယ်တွေကို ဖြေရှင်းဖို့ အတွက် အဓမ္မ၀ါဒီရဟန်းများနဲ့ အပြန်အလှန် အမေးအဖြေ အချေအတင်ပြုလုပ်ပြီး ၀ါဒတစ်ခုချင်းကို အနုစိတ်စီစစ်ကာ ဖယ်ထုတ်တော်မူခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်သည်လည်း သာသနာတော်ရဲ့ အဓမ္မတွေကို ကြောင့်ကြမဲ့ မနေခဲ့ဘူးဆိုတာ မြင်သာပါတယ်။ အရှင်အရဟံနဲ့ အနော်ရထာတို့လည်း ဆရာဒကာ ညီညွတ်စွာနဲ့ သာသနာ့ ဆူးငြောင့်တွေကို ရှင်းလင်း ခဲ့ကြတာ အားလုံး သိနှင့်ပြီးသားပါ။ ယနေ့တိုင်အောင် ခေတ်အဆက်ဆက်က သာသနာ့ တာဝန်ကို ယနေ့တိုင်အောင် သံဃာတော် အရှင်သူမြတ်များက တာဝန်သိပြီး တာဝန်ရှိသည့် အားလျော်စွာ သာသနာ့ဝန်ကို ထမ်းရွက်နေကြဆဲပဲ ဖြစ်ပါတယ်။
လူများသည်လည်း နည်းလမ်းမှန်ကန်စွာနှင့် ဆရာကောင်းတို့ ထံမှာ ချည်းကပ်ကာ နည်းနာခံယူ တတ်စေချင်ပါတယ်။ ဒါထက်ပိုလို့ ဆရာဒကာ ညီညွတ်စွာနှင့် သာသနာ့ တာဝန်ကို ထမ်ဆောင်နိုင်ကြတဲ့ သူတော်ကောင်းတွေ ဖြစ်စေချင်ပါ တယ်။ ဓမ္မ၊ အဓမ္မကို ဝေဖန်ုပိုင်းခြားနိုင်ပြီး ဓမ္မအတွက် တာဝန်သိပြီး တာဝန်ကျေတဲ့ သူများ ဖြစ်စေချင်ပါတယ်။ ဒါသည် သာသနာ့ တာဝန်ကို ယူဝံ့သော ကိုယ်စီတာဝန်သိ စိတ်ပင်ဖြစ်ပါလိမ့်မယ်။

တရားချမ်းသာကို တွေ့အောင် ရှာနိုင်၍ တရားက ပေးသော ချမ်းသာအစစ်ကို ရရှိခံစားနိုင်ကြပါစေ
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                                    အရှင် စန္ဒိမာ(ဓမ္မလရိပ်)


Sunday, August 26, 2012

မိဘတို့၏ တောင့်တခြင်းငါးမျိုး

ရဟန်းတို့ ဤအကြောင်းငါးမျိုးတို့ကို ကောင်းစွာမြင်သော မိဘတို့သည် အမျိုး၌ဖြစ်သော သားသမီးကို အလိုရှိကုန်၏။ အဘယ်ငါးမျိုးတို့နည်းဟူမူကား...
(၁) ငါတို့မွေးမြူထားသော သားသမီးသည် ငါတို့အားလုပ်ကျွေးမွေးမြူပေလိမ့်မည်။
(၂) ငါတို့၏ အမူကိစ္စကို ပြုလုပ်ပေလိမ့်မည်။
(၃)အမျိုးဆက်သည် ရှည်မြင့်စွာ တည်ပေလိမ့်မည်။ 
(၄)အမွေခံဖြစ်ပေလိမ့်မည်။
(၅)ထို့ပြင် ဘ၀တစ်ပါးသို့ ပြောင်းသွားသောငါတို့အား အလှူ၏အဖို့ကို ပေးဝေကြပေလိမ့်မည်ဟု အလိုရှိကုန်၏။
ရဟန်းတို့ ဤအကြောင်းကို ကောင်းစွာရှူမြင်သော မိဘတို့သည်အမျိုး၌ဖြစ်သော သားသမီးတို့ကို အလိုရှိကုန်၏ဟု မိန့်တော်မူ၏။
ထို့ကြောင့် ပြုဖူးသော ကျေးဇူးကိုသိ၍ သူ့ကျေးဇူးကို ထင်စွာပြုတတ်သော ငြိမ်သက်သောစိတ်ရှိသော သူတော်ကောင်းတို့သည် ရှေးကပြုဖူးသည့် ကျေးဇူးကို အဖန်ဖန်အောက်မေ့လျှက် မိဘတို့ကို လုပ်ကျွေးမွေးမြူကြကုန်၏။ ကျေးဇူးပြုဖူးသူ၏ကိစ္စကို ပြုလုပ်သကဲ့သို့ ထို့အတူ  မိဘတို့၏ အမူကိစ္စကိုပြုလုပ်ကုန်၏။ မိဘတို့၏ အဆုးံအမကို လိုက်နာလေ့ရှိ၍ မွေးမြူဖူးသော မိဘတို့အား လုပ်ကျွေးမွေးမြူလေ့ရှိသော အမျိုးအနွယ်ကို မယုတ်စေ၍ သဒ္ဓါတရားရှိသည့် သီလနှင့်ပြည့်စုံသော သားသမီးသည် ချီးမွမ်းထိုက်သူ ဖြစ်ပေသတည်း။ ။ 
ပုတ္တသုတ် (မြန်မာပြန်)                                      
                                                        အရှင် စန္ဒိမာ (ဓမ္မလရိပ်)


Tuesday, March 20, 2012

The Truth of Suffering.( Dukkha)

        Buddha is the founder of Buddhism and Dhamma means the teaching of the Buddha. He taught  the four noble truths for the people. They are :
 (1)The Truth of Suffering
 (2)The Truth of the Cause of suffering
 (3)The Truth of the  End of Suffering 
 (4) The Truth of the Path Leading to end of Suffering.
During the Buddha time, Kisa Gautami was a young woman from a rich family who was married to a wealthy merchant.  When her only son was about a year old, he suddenly fell ill and died. Overcome with Grief,  Kisa Gautami took the dead child in her arms and went from house to house asking people of they knew of a medicine that could restore her child's life . Of course no one was able to help her. Finally, She met a follower of the Buddha, who advanced her to see the Buddha. 
When she carried the dead child to the Buddha and told him her sad story, he listened with patience and compassion. He said to her," There is only one way to solve your problem. Go and get five mustard seeds from any family in which there has never been a death."
Kisa Gautami set off to look for such a household but without success. Every family she had visited experienced the death of one person or another.
At the last, She  understood what the Buddha had wanted her to find out for herself-that death comes to all. Accepting the face that death is inevitable, she no longer grieved. she took the child's body away and later returned to the Buddha to become one of his followers.
The Buddha taught us to recognize that suffering is a fact of life and no one can avoid it, as stated in  the first noble truth.
                 Birth is  suffering 
                 Old is suffering
                 Disease is suffering
                 Death is suffering. ( Buddha)
May the Buddha Sasana last forever and ever.
Written by Ashin Sandima( Dhammalayeik)