*****May you be happy, healthy, wealthy and peace of mind those who have been visiting to my blog.*****
.
*****အပြောကောင်းဖို့ မလိုအပ်ပါဘူး အလုပ်ကောင်းဖို့သာ အရေးကြီးပါတယ်*****

Saturday, January 12, 2013

အဓိပ္ပါယ်ရှိသော ဘ၀ကိုပိုင်ဆိုင်ခြင်း

           လူ့လောကရောက်လာတဲ့ သူတိုင်း ရှောင်လွဲ့လို့ မရတဲ့  လူမူရေး လောကီရေး စတဲ့ ဆိုင်ရာ ဆိုင်ရာ အရေးကိစ္စတွေနဲ့ နပန်းလုးံနေကြရမှာ အမှန်ပါပဲ။ ဒီလို အရေးကိစ္စတွေ များများတွေ့ကြုံရတဲ့ အခက်ခဲ့တွေကြောင့်  သတိလက်လွတ်မဖြစ်ဖို့နဲ့  လူ့လောကမှာ သိက္ခာရှိရှိ နေနိုင်ဖို့  အတွက် အလွန်အရေးကြီးပါတယ်။
ရှေးတုန်းက ဓနဉ္စယ ဆိုတဲ့ မင်းတစ်ပါးက ဓမ္မယာဂပဥှာ ဆိုတဲ့ အလွန်တန်ဖိုး၇ှိတဲ့ မေးခွန်းတစ်ခုကို မေးခဲ့ဖူးပါတယ်။ "ဒီဘ၀အတွက်လဲ ကြီးပွးချမ်းသာ ၊နောင်ဘ၀ အတွက်လဲ စိတ်အေးရပြီး အကဲ့ရဲ့ လွတ်တဲ့ နေနည်း ထိုင်နည်း ဟာ ဘာလဲဆိုတဲ့ မေးခွန်းပါပဲ"။  ဒီမေးခွန်းကို ဘုရားလောင်းဖြစ်တဲ့  သမ္ဘ၀ ပညာရှိက ဖြေဆိုခဲ့တဲ့ အကြောင်းကို ဒီမှာ အကျဉ်းချုပ်အနေနဲ့ တင်ပြလိုက်ပါတယ်။


(၁) ယနေ့လုပ်ရမည့် အလုပ်ကို ယခုလုပ်ပါ ။
            (ဒါနပြုချင်တဲ့စိတ် သီလဆောက်တည်ချင်တဲ့စိတ်၊ ဥပုသ်ကျင့်သုးံချင်တဲ့စိတ် စတဲ့ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်လာရင် ချက်ချင်းပြုလုပ်ပါ ။ နောက်မှ လုပ်တော့မယ်၊ အားမှပဲလုပ်ပါတော့မယ် စသဖြင့် အချိန်မဆွဲ အချိန်မလွဲပါနဲ့၊ သေခြင်းတရားကို မည်သူမျှ မသိနိုင်ပါ ။ ဖြစ်ပေါ်လာသော ကုသိုလ်စိတ်ကို  ယုတ်လျော့မသွားစေဘဲ  လုပ်ဖြစ်အောင်လုပ်ပါ။)
(၂) မိစ္ဆာဒိဌိ လမ်းမှားသို့ မသွားရ။ သံသရာဝဋ်မှ လွတ်ရာ ကုသလ ကမ္မပထလမ်းသို့သာ သွားရမည်။
             (ပေးလို့ လှူလို့ အကျိုးမရှိ ၊ မိဘလုပ်ကျွေးလဲ အကျိုးမရှိ ၊ကောင်းတာလုပ်လဲ ကောင်းကျိုးမရပါဘူးစသည့် လွဲမှားသော အယူကို မယူရ၊ သုစရိုက် ဆယ်ပါး ကုသလ ကမ္မပထတရားများကို ပြုလုပ်အားထုတ်ရမည်။)
(၃) မိမိကိုယ်ကို သုဂတိလမ်းကြောင်းပေါ် တင်ထားပါ။ အပါယ်လမ်းသွား အကုသိုလ်ကံများကိုမပြုလုပ်ပါနဲ့။
             (စိတ်ယုတ် စိတ်ကြမ်းများဖယ်ရှား၍ ကုသိုလ်ကောင်းမူတွေ ပြုလုပ်နေလျှင် သုဂတိ လမ်းကြောင်းပေါ် လျှောက်နေသူဟု ဆိုရမည်။)
(၄) ဒုစရိုက် သုးံပါး ၊ အဓမ္မတရားများကို မပြုကျင့်ပါနဲ့ ။
              (ကာယဒုစရိုက် ၀စီ ဒုစရိုက် မနောဒုစရိုက် ဆိုတဲ့ ဒုစရိုက်သုးံပါး အဓမ္မတရားများကို ဘယ်တော့မှ မပြုလုပ်ပါနဲ့ ။)
 (၅) မိမိ၏ ဆွေမျိုး သားချင်း အပေါင်းအသင်းနှင့် နောက်လိုက်များကို မိစ္ဆာလမ်းမှားသို့  မပို့ဆောင်ရ။
                (လောကအကျိုး သံသရာအကျိုး ယုတ်စေမည့် ဒုစရိုက် လုပ်ငန်းများ၌ မတိုက်တွန်းရ၊ ဒါန သီလ ဘာဝနာကုသိုလ်အလုပ်များကြိုးစားပြုလုပ်ဖို့သာ အားပေးရမည်။ တိုက်တွန်းရမည်။)
(၆) လောက သံသရာ နှစ်ဖြာသော အကျိုးမဲ့ ပျက်စီးရာတို့ကို မပြုလုပ်ရ။
             (မူးယစ်သောက်စားခြင်း လောင်းကစားခြင်း ဆေးဝါးသုးံစွဲခြင်း အပျော်အပါးလိုက်စားခြင်း စသည်များကို လုးံဝ မပြုလုပ်ရ။ ကြိုးစား၍ စီးပွါးရှာခြင်း မိသားစု စားဝတ်နေရေး လုံခြုံစိတ်ချရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်း ၀င်ငွေနှင့် ထွက်ငွေ မျှတအောင် သုးံစွဲခြင်း သူတော်ကောင်း မိတ်ကောင်းဆွေကောင်းများနှင့်သာ ပေါင်းသင်းခြင်းစသဖြင့် တိုးတက် ကြီးပွါးအောင် မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကာ နေထိုင်သွားလာရမည်။)
(၇) ရရှိထားသော ဘ၀နှင့် ခန္ဓာ၏မမြဲပုံကို အမြဲတမ်းရူပွါးဆင်ခြင်ပါ။
              (သဗ္ဗေ သင်္ခါရာ အနိစ္စာ၊ ခန္ဓာငါးပါး ရုပ်နာမ်တရားတို့သည် မမြဲကြပါပေ၏ လို့ အမြဲတမ်း နှလုးံသွင်း ဆင်ခြင်ပါ။)
ဤ(၇)ချက်ကို လိုက်နာ ပြုကျင့်သွားပါလျှင် ...
၁။ တိုးတက်ကြီးပွါးမည်။
၂။ လူအများတို့၏ ချစ်ခင်လေးစားမူကို ခံယူရမည်။
၃။ မိတ်ဆွေတို့အလယ် ဂုဏ်ထည်ဝင့်ကြွား ထင်ရှားမည်။
၎။ သေလျှင် ဘ၀ကောင်း ဂတိကောင်းကို ရမည်ဟု ဘုရားလောင်း သမ္ဘ၀ ပညာရှိက ဖြေဆိုမိန့်ကြားထားပါသည်။
ထို့ကြောင့် လူ့ဘ၀ရရှိခိုက် ဒီလို ဘ၀မှာ  အနေရဲ့ အသေရဲ့စေမယ့် အဓိပ္ပါယ် ရှိသော ဘ၀ကို  ပိုင်ဆိုင်နိုင်မည့် အချက်တွေကို သတိထားပြုလုပ်သွားကြရမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ဆဆ ဖြစ်လိုရာ ဖြစ် သဘောမျိုးနဲ့ လုပ်ချင်ရာ လုပ်မယ် ဆိုရင်တော့  အဓိပ္ပါယ် ရှိသော ဘ၀ကို  ဘယ်လိုမှ ပိုင်ဆိုင်နိုင်မှာ မဟုတ်တော့သလို လူဖြစ်ရတဲ့ အကျိုးလည်းရှိမဟုတ်တဲ့အတွက် သတိပြုကြရမှာ ဖြစ်ပါတယ်။
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ၊
အလှူ မှန်သမျှတွင်  တရားအလှူသည် အမြတ်ဆုးံ ၊
Dhamma- gift excels all other gifts.

                         အရှင် စန္ဒိမာ(ဓမ္မလရိပ်) 

No comments:

Post a Comment